ဦးစီးဌာန(ရုံးချုပ်)

ကျောင်းသားလူငယ်များ အစားအသောက်နှင့် ပတ်သက်၍ ဘေးအန္တရာယ်ကင်းဝေးစေရန် ကျောင်းမုန့်စျေးတန်းအား တာဝန်ရှိသူများကွင်းဆင်း စစ်ဆေး

ကျောင်းသား၊ ကျောင်းသူလူငယ်များ ကျန်းမာရးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသောက်ဖွယ်ရာများကို စားသုံးနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်းအဖွဲ့သည် အ.ထ.က (ရွှေသောင်ယံ) ကျောင်းသို့ သွားရောက်ကာကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

မြင်းမူမြို့တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

မြင်းမူမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်းလျက် အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး  းလိုက်နာဆောင်ရွက်မည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များ၊ အပူဒဏ်အန္တရာယ် အထူးသတိပြုရမည့်အချက်များကို ယနေ့ နံနက်ပိုင်းက မြင်းမူမြို့အတွင်း မော်တော်ယာဉ် ၂ စီးဖြင့် လှည့်လည်အသိပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊လူမှုရေးရာဝန်ကြီး ပုသိမ်ခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လုပ်ငန်း ဆောင်ရွက်နေမှုများအားကြည့်ရှုအားပေး

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်၍ စာဖတ်ရှုသူပိုမိုများပြားလာစေရေး လုပ်ငန်းဆောင်ရွက်နေမှုများအား ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာ၀န်ကြီး ဦးခင်မောင်ကြည်နှင့် တာ၀န်ရှိသူများမှ ယမန်နေ့ နေ့မွန်းလွဲပိုင်းတွင် ကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းမ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းကာ မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များကို ယမန်နေ့နံနက် ၁၀နာရီအချိန်က အမှတ် (၃) ပေါ့မိုင်းအခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား/သူများအား အခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။

ပန်းတနော်မြို့နယ်ရှိ စာစစ်ဌာနများ၌ ၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို  သက်ဆိုင်ရာ စာစစ်ဌာနများ၌ ဇွန် ၂၈ ရက် နံနက်(၆)အချိန်မှစ၍ ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့် မယ်လမုစေတီတော်ဝန်းအတွင်းရှိ ဘုရားစေတီပုထိုးများ သာသနိကအဆောက်အဦများ သန့်ရှင်းသပ်ရပ် ကြည်ညှိုဖွယ်ဖြစ်စေရေး အသိပညာပေး ဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့်မယ်လမုစေတီတော်ဝန်းအတွင်းရှိ ဘုရားစေတီပုထိုးများ သာသနိကအဆောက်အဦများ သန့်ရှင်းသပ်ရပ် ကြည်ညှိုဖွယ်ဖြစ်စေရေး ဘုရားဖူးပြည်သူများ ဖူးမျှော်ကြည်ညိုနိုင်ရေး ဈေးဆိုင်ရောင်းချသူများအား သတ်မှတ်ချက်များနှင့်အညီ ရောင်းချမှုရှိစေရေး အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန် အဆိုပါစေတီတော်အတွင်းရှိ မူလ (ဓမ္မာရုံ) တွင် ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့၌ စာပေချစ်မြတ်နိုးသူများဖြင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များပူးပေါင်း၍  စာရေးဆရာနန္ဒာသိန်းဇံရေးသားသည့် ခရောင်လမ်းကို ဖြတ်ကျော်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

မင်းဘူးမြို့၌  ရက် (၁၀၀) စီမံချက်အတွင်း ကျောင်းကျန်းမာရေးစောင့်ရှောက်မှု (Primary Eye Care) ပဏာမ မျက်စိကျန်းမာရေးစစ်ဆေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းများတွင် တစ်ခုအပါအဝင်ဖြစ်သော (Primary Eye Care) ပဏာမမျက်စိစမ်းသပ်စစ်ဆေးမှုလုပ်ငန်းများကို ယမန်နေ့နံနက် (၉) နာရီအချိန်က  အခြေခံပညာအထက်တန်းကျောင်းခွဲ မြို့မကျောင်း၌ ဆောင်ရွက်ပေးခဲ့သည်။

ပြင်ဦးလွင်မြို့နယ်၌ ၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အကြို အထိမ်းအမှတ်လက်ကမ်းစာစောင်ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၆ခုနှစ် ‌ဇွန်လ ၂၆ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို  ယနေ့နံနက်၁၁နာရီက ဆင်လမ်း၊ အခြေခံပညာအထက်တန်းကျောင်း၌ ဖြန့်ဝေသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)