(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးပြပွဲ၊ ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

အိမ်မဲ  ဇန်နဝါရီ  ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန် ခန်းမ၌ မြို့နယ် မိခင်နှင့်က​လေး​စောင့်​ရှောက်​ရေးအသင်းက ကြီးမှူးကျင်းပသည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးပြပွဲ၊ ပြိုင်ပွဲများတွင် ဆုရရှိသော ကလေးငယ်များအား ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၇နာရီ၃၀မိနစ်က ကျင်းပခဲ့ကြောင်း သိရ သည်။

အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ကလေးပြပွဲ၊ ပြိုင်ပွဲတွင် ဆုရရှိသော အမွှာဆု၊​မွေးစမှ ၆လဆု၊ ၆လမှ၁နှစ်ဆု၊ ၁နှစ်မှ၂နှစ်ဆု၊ ၂နှစ်မှ ၃နှစ်ဆုများကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးများနှင့် တာဝန်ရှိသူ အသီးသီးကဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်( ပြန်/ဆက်)