ကွန်ဟိန်း အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်သည့် Maternal and Child Cash Transfer Program (MCCT)စာရင်းကောက်ယူရန်အတွက် ODK Collect Application မွမ်းမံသင်တန်းအား ယနေ့ နံနက်၁၀ နာရီ အချိန်ခန့်က မြို့နယ် OSS ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သန္တာမောင်မောင်ဦး က သင်တန်းဖွင့်လှစ်းခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းသည် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက်ကလေးများအား စာရင်းကောက်ယူနိုင်ရန် ODK Collect Application အသုံးပြုနည်း များကို ရပ်ကွက်/ကျေးရွာ စာရေးများအား သင်ကြားပေးမည်ဖြစ်သည်။
သင်တန်းတွင် သင်တန်းသား စုစုပေါင်း(၁၄)ဦးအား တစ်ရက်ကြာ သင်ကြားပေးမည်ဖြစ်ပြီး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထွေးခိုင်(ပြန်/ဆက်)