ပန်းတနော် ဇန်နဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ လွတ်လပ်ရေး ကျောက်တိုင်ကွင်း (တိုးရွှေဝါပန်းခြံ)၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယနေ့ နံနက် ၄နာရီ မိနစ် ၂၀အချိန်၌ကျင်းပသည်။
ဆက်လက်၍ နံနက် ၇နာရီ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြု တပ်ဖွဲ့ဝင်များက နေရာယူကြပြီး လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများက နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြုခဲ့ကြ သည်။
ထို့နောက် ပန်းတနော်မြို့နယ် အုပ်ချုပ်ရေးမှူးဦးရဲမင်းအောင်ကနိုင်ငံတော်သမ္မတထံမှပေးပို့သော (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး
ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေးချမ်းအောင်(ပန်းတနော်)