ဟားခါး အောက်တိုဘာ ၁၃
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲတွင်၊ မဲရုံများ လုံခြုံရေးတာဝန်ပေးအပ်နိုင်ရေးအတွက် ချင်းပြည်နယ် ဟားခါးမြို့တွင် အထူးရဲ(၉၅)ဦးကို ယမန်နေ့ က ဟားခါးမြို့၊ ခိုင်ကမ်းအားကစားရုံတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက် နှင့်အညီ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ Swab စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မရှိကြောင်း သိရသည်။
အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ကြမည့်အထူးရဲများ အနေဖြင့် ရွေးကောက်ပွဲမတိုင်မီနှင့်ရွေးကောက်ပွဲကျင်းပစဉ်ကာလအတွင်း တာဝန်ကျရာ မဲရုံများတွင် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ပူးပေါင်း၍ မဲရုံလုံခြုံရေးကို တာဝန်ယူဆောင်ရွက် ကြရမှာဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကာလအတွင်း ကျန်းမာရေးနှင့်အညီ ဆောင်ရွက်နိုင်ကြစေရန်အထူးရဲများကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်း ဖြစ်ကြောင်း နှင့် ဟားခါးမြို့တွင် အထူးရဲ(၉၅)ဦးတွင် Swab စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မရှိကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
အဆိုပါ အထူးရဲသင်တန်းသား (၉၅)ဦးအပြင် မဲရုံတာဝန်ထမ်းဆောင်မည့် ပညာရေး ဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)