တီးတိန် အောက်တိုဘာ ၁၃
ချင်းပြည်နယ်၊ တီးတိန်မြို့၌ မြို့နယ်ရွေး ကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီနှင့် နိုင်ငံရေး ပါတီများ ပထမအကြိမ် စေ့စပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အစိုးရမူလတန်းကြို ကျောင်းတွင် ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဦးဆွင့်ခန့်ခမ်က အမှာစကား ပြောကြားပြီး၊ ကော်မတီအတွင်းရေးမှူး ဒေါ်ဒိမ့်စန်းကိမ်က စေ့စပ်ညှိနှိုင်းမည့် ကိစ္စအား ရှင်းလင်း တင်ပြသည်။
ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဦးတိုးအောင်ဝေက မဲဆွယ်စည်းရုံးရာတွင် လိုက်နာရမည့် ညွှန်ကြားချက်များကို ရှင်းလင်းသည်။
ယင်းနောက် ကော်မတီဝင်များနှင့် နိုင်ငံရေးပါတီများမှ တင်ပြလိုသည်များကို ဆွေးနွေးတင်ပြပြီး နှစ်ဦးနှစ်ဖက်၏ သဘောတူညီချက်များအား မှတ်တမ်းတင်ခြင်းနှင့် ပြန်လည်ဖတ်ကြားခြင်းများ ဆောင်ရွက်သည်။
အဆိုပါ အစည်းအဝေးတွင် ကျန်ရှိနေသည့် မဲဆွယ်စည်းရုံးရေးကာလတွင် လိုက်နာရမည့် ညွှန်ကြားချက်များအား လိုက်နာရေး ဆွေးနွေးဆုံးဖြတ်ကြသည်။
တီးတိန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၇) ခုနှင့် တစ်သီးပုဂ္ဂလ (၁) ဦး ဝင်ရောက်အရွေးခံယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ဒိုင်းဒိမ့်(ပြန်/ဆက်)