မင်းတပ် အောက်တိုဘာ ၁၃
ချင်းပြည်နယ် မင်းတပ်မြို့ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ် ပြဘုတ်၌ ယနေ့နံနက် ၁၁ နာရီတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ဆိုင်ရာ အသိပညာပေး စာစောင်များနှင့် လူမှုမီဒီယာနှင့် သတင်းအချက် အလက်ဆိုင်ရာ အသိပညာပေး ရုပ်ပုံများ ကပ်ထားပြသလျက်ရှိသည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘအုပ်ထိန်းမှု အတတ်ပညာနှင့် လုပ်ကြံသတင်းများနှင့် ကြော်ငြာများ၊ လူမှုမီဒီယာအပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်ရှောင်ရန် အချက်များ၊ သတင်းခွဲခြမ်းစိတ်ဖြာပုံနှင့် ထင်မြင်ယူဆချက်များ၊ ကျန်းမာရေးနှင့် ညီညွှတ်စွာ စားသောက်သည့် အလေ့အထများ၏ အရေးပါမှု များ၊ အသိပညာပေး ရုပ်ပုံများ၊ စာစောင်များကို ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြသထားခြင်း ဖြစ်ကြောင်း သိရသည်။
ခွီရှိန်းမောင်း(ပြန်/ဆက်)