ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညိှနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

 

လောက်ကိုင်     အောက်တိုဘာ      ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ကိုဗစ်−၁၉  ရောဂါကာလအတွင်း ကလေးသူငယ်အခွင့်အရေးများအတွက်  ထိရောက်သောအကူအညီများ ပေးနိုင်ရန်  မြို့နယ်အဆင့်ကလေးသူငယ်     အခွင့်အရေးများဆိုင်ရာကော်မတီ  လုပ်ငန်းညိှုနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊  အစည်းအဝေးခန်းမ၌  ကျင်းပ ပြုလုပ်ခဲ့သည်။  

အဆိုပါအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးငွေဒိုးမှ       ကလေးအလုပ်သမားများအတွက် လတ်တလော ဖြစ်ပေါ်နေသော Covid-19 ရောဂါကြောင့် အခက်အခဲရှိသော  ကလေးအလုပ်သမားများအတွက် ထိရောက်သည့်    အကူအညီများပေးနိုင်မည့်  နည်းလမ်းများကို    ကော်မတီဝင်များမှ ဝိုင်းဝန်းစဉ်စား၍ လက်ရှိမြေပြင်အခြေအနေအပေါ်  သုံးသပ်အကြံပြုရန်  ပြောကြားသည်။

ကော်မတီဝင်များမှဒေသအတွင်း ကလေးသူငယ်အချို့မှာ  ဝပ်ရှော့လုပ်ငန်းကဲ့သို့သောအလုပ်များတွင် ပညာသင်စရိတ်ငြိမ်း လခ  မရသော အလုပ်များ   ဝင်ရောက်လုပ်ကိုင်လျက်ရှိကြောင်း၊ လောက်ကိုင်မြို့ အနေဖြင့်  လက်ရှိအချိန်ထိ Covid-19 ရောဂါပိုးကူးစက်သူများ   မရှိသေးကြောင်းနှင့် အခက်အခဲများရှိပါက မြို့နယ်ကော်မတီအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အကြံပြု ဆွေးနွေးခဲ့ကြသည်။                                                                                                            

အစည်းအဝေးသို့ မြို့နယ်ကော်မတီဝင်ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း  သိရှိရသည်။

 

နန်းခွာညိုနှင်း