(၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား ပြုလုပ်ခြင်းနှင့်ဆုပေးပွဲများ ကျင်းပ

မြင်းခြံ  ဇန်နဝါရီ ၄

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ မာလာဟေဝန်မြိုင်ပန်းခြံအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက် (၄:၂၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်၍  နံနက် (၇) နာရီအချိန်တွင် မဏိကဉ္စနာခန်းမတွင်  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကပေးပို့သော၂၀၂၀ ပြည့်နှစ်၊ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသဝဏ်လွှာကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်မှ ဖတ်ကြားခဲ့ပါသည်။ ထို့နောက် ဆုပေးပွဲပြုလုပ်ခဲ့ရာ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများနှင့် နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့် ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးလတ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့နှင့် ဦးခင်မောင်အေး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်တို့မှ ဆုများချီးမြှင့်ခဲ့ပါသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးလတ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့နှင့်ဦးခင်မောင်အေး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင် နှင့်မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဇော်မင်းနိုင် ( မြင်းခြံ )