နမ့်ခမ်းမြို့ Home Quarantine ဖြင့် ကျန်းမာရေးစောင့်ကြည့်သူ( ၁၂) ဦးထံမှ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်နမူများ ရယူ


နမ့်ခမ်း       အောက်တိုဘာ     ၁၃


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်ရန်အတွက် မြို့နယ်အတွင်းရှိ  Home Quarantine ဖြင့် နေအိမ်မှ ကျန်းမာရေးစောင့်ကြည့်သူ စုစုပေါင်း(၁၂)ဦး၏ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်နမူများကို ယမန်နေ့ ညနေ(၄) နာရီအချိန်ခန့်က ရယူပြီး ဓာတ်ခွဲစစ်ဆေးရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


 နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ   အနယ်နယ်အရပ်ရပ်မှ နမ့်ခမ်းမြို့သို့ ပြန်ရောက်ရှိလာသူများကို Facility Quarantine နှင့်  Home  Quarantine စနစ်တစ်ကျထားရှိပြီး ကျန်းမာရေးစောင့်ကြည့်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။  အဆိုပါ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်ဓာတ်ခွဲနမူနာများကို မန္တလေးမြို့ရှိ ပြည်သူ့ဆေးရုံ၊ ရောဂါရှာဖွေရေးဓာတ်ခွဲဌာနသို့  ပို့ဆောင်ထားကြောင်း၊  (၂၀၂၀)ပြည့်နှစ်၊ ရွေးကောက်ပွဲလုပ်ငန်းဆိုင်ရာ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး တာဝန်များထမ်းဆောင်မည့် အနယ်နယ် အရပ်ရပ်မှ နမ့်ခမ်းမြို့နယ်သို့ ပြန်လည်ရောက်ရှိလာသည့် ပညာရေးဝန်ထမ်းများကိုလည်း  Facility Quarantine Centre ၌  စနစ်တစ်ကျကျန်းမာရေးစောင့်ကြည့်ခြင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါကျောင်းဆရာ၊ ဆရာမတို့၏ နှာခေါင်းနှင့်အာခေါင်တို့ဖတ်များရယူပြီး ဓာတ်ခွဲဌာနသို့ ဓာတ်ခွဲနမူနာများကို ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


 နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက် လျက်ရှိပြီး  Facility Quarantine နှင့်  Home  Quarantine တို့မှ ဓာတ်ခွဲနမူနာများရယူ၍ မန္တလေးမြို့ရှိ ရောဂါရှာဖွေရေးဓာတ်ခွဲဌာနသို့ ပေးပို့ဓာတ်ခွဲစစ်ဆေးခြင်းများ ဆောင်ရွက် လျက်ရှိရာ ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုပိုးတွေ့လူနာမရှိသေးကြောင်းသိရသည်။


ဆိုင်ထွန်း(ပြန်/ဆက်)