ကာလိမြို့ ငွေတောင်ဦးသီရီမင်္ဂလာကျောင်းတိုက် သိန်းဖျံကျေးရွာ၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်

ကာလိ ဇူလိုင် ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ ငွေတောင်ဦးသီရီမင်္ဂလာကျောင်းတိုက် သိန်းဖျံကျေးရွာ၌ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် ခြင်အန္တရာယ်ကင်းရှင်းရေးအတွက် လုပ်အားဒါနတရပ်အနေဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်(၈) နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့် နှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ဌာနဆိုင်ရာအကြီးအကဲများ ပူးပေါင်း၍ ဘုရားကြီး ပရဝုဏ်အတွင်း၊ အပြင်သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်း ခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် သစ်ပင်၊ သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း စသည့် သန့်ရှင်းရေး လုပ်အားဒါနများ စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ပြန်/ဆက်)