မန္တလေး ဇန်နဝါရီ ၄
(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ(၂၀၂၀)ကို ယနေ့ နံနက် ၆ နာရီ ခွဲက မန္တလေးမြို့၊၂၆လမ်းနှင့်၇၁လမ်းထောင့်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီရုံးရှေ့တွင် ကျင်းပပြုလုပ်ရာ မန္တလေးမြို့တော်ဝင် ဒေါက်တာရဲလွင် က တာလွှတ်သေနတ်ပစ်ဖောက်၍ စတင်တာလွှတ်သည်။
တာလွှတ်သေနတ်ပစ်ဖောက်လိုက်သည်နှင့် တပြိုင်နက် ပြိုင်ပွဲဝင်ကစားသမားများသည် ၂၆လမ်းနှင့်၇၁လမ်း ထောင့်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရုံးရှေ့မှ ၂၆လမ်းအတိုင်း လမ်း(၈၀)အထိ၊ ၎င်းမှ လမ်း(၈၀) အတိုင်း ၁၂လမ်းအထိ၊ ၎င်းမှ ၁၂လမ်းအတိုင်း ၇၃လမ်းအထိ၊ ၇၃လမ်းမှ မြောက်ဘက် မန္တလေးတောင်ပတ်လမ်း၊ ၁၀လမ်းမှ အရှေ့သို့ ၆၂လမ်းအထိ၊ ၎င်းမှ ၆၂လမ်းအတိုင်း ငုရွှေဝါလမ်းအထိ၊ ငုရွှေဝါလမ်း မှ ၆၈လမ်းအထိ ၊ ၆၈လမ်း အတိုင်း မန္တလာသီရိအားကစားကွင်း အတွင်း ပန်းဝင်ခဲ့ကြသည်။
ထို့နောက် မန္တလာသီရိအားကစားကွင်းတွင် ဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပရာ ဆုရရှိသော အားကစားသမားများ အား မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် တာဝန်ရှိသူများ က ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း နှင့်
အဆိုပါ ပြိုင်ပွဲကို အလွတ်တန်းအမျိုးသား၊ အမျိုးသမီး၊ လူသစ်တန်းအမျိုးသား၊ အမျိုးသမီးနှင့် နိုင်ငံခြားသားများ အပါအဝင် ပြိုင်ပွဲဝင် သုံးထောင်နီးပါး ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)