ကျောက်ပန်းတောင်း၊ အောက်တိုဘာ ၁၄
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးပို့သည့် Mask စွန့်ပစ်ရန် သီးသန့်အမှိုက်ပုံး များအား ကျောက်ပန်းတောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တဆင့် ဌာနဆိုင် ရာ များနှင့် Quarantine Center များသို့ ယနေ့ နံနက်(၁၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စကားဝါမြေခန်းမတွင် ဖြန့်ဝေပေးခဲ့ ကြောင်း သိရ သည်။
အဆိုပါ သီးသန့်အမှိုက်ပုံများမှာ သံဖရိမ်နှင့်ပြုလုပ်ထားပြီး ပလပ်စတစ်အမှိုက်ပုံထည့်၍ ခြေနင်းဖြင့်အဖွင့်အပိတ် လုပ်နိုင်အောင် ဆောင်ရွက်ထားရှိပြီး၊ အသုံးပြုပြီး နှာခေါင်းစည်း (Mask) များ စွန့်ပစ်ရန်အတွက်ဖြစ်ကြောင်းနှင့် အများပြည် သူအဝင်း/အထွက်များသည့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေး၊ စီးပွားရေးဘဏ်နှင့် မြို့အဝင်/အထွက်စစ်ဆေးရေး ဂိတ်များ၊ Quarantine Center များအတွက် ပထမအသုတ်အနေဖြင့် (၅၂)လုံးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က တာဝန်ရှိသူများထံ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။ ကျောက်ပန်းတောင်း မြို့နယ်အတွက် သီးသန့်အမှိုက်ပုံး စုစုပေါင်း(၄၀၀) ကျော် တင်ပြတောင်းခံထားရာ ထပ်မံရောက်ရှိလာပါက လည်း လိုအပ်သည့်ဌာနဆိုင်ရာများနှင့် လူစည်ကားရာနေရာများတွင် အသုံးပြုနိုင်ရန် အတွက် ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန တာဝန်ရှိသူ တစ်ဦးကပြောပါသည်။
နေအောင်(ပြန်/ဆက်)