မောက်မယ်မြို့နယ်၌ မိုးဦးနှမ်းလျင်များ အထွက်နှုန်းကောင်းမွန်

မောက်မယ် အောက်တိုဘာ ၁၄

နှမ်းကို မိုးကြိုရေသွင်းနှမ်း၊ မိုးဦးနှမ်းလျင်နှင့်  မိုးနှောင်းနှမ်းကြီးများစိုက်ပျိုးကြရာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မိုးဦးနှမ်းလျင်များ အထွက်နှုန်းကောင်းမွန် လျက်ရှိကြောင်း သိရသည်။

မိုးစောစီးစွာရွာသွန်းမှုကြောင့် စိုက်ပျိုးရေအပြည့်အဝရရှိကာ ယခုနှမ်းခင်းများ အဖူးအပွင့်များဝေနေ ချိန်တွင် အောင်မိုးရွာသွန်းပေးကာ မိုးဦးနှမ်းလျင်စိုက်တောင်သူများ ယခင်နှစ်ကထက် အထွက်နှုန်း ပိုမိုကောင်းမွန်ပြီး  ယခင်နှစ်ကထက် စျေးနှုန်းမကောင်းသော်လည်း တောင်သူများ အဆင်ပြေကြောင်း သိရသည်။

"ယခင်နှစ်များတွင် နှမ်းဆီ(၁၀)ပိဿာတစ်ပုံးလျင် ၈၅၀၀ဝိ/−ကျပ်အထိ မြှင့်တက်ခဲ့သော်လည်း ယခုနှစ်တွင် တစ်ပုံးလျင် ၅၀၀၀ဝိ/−ကျပ်သာရရှိပြီး နှမ်းတစ်အိတ်လျင် ၄၅ဝဝဝိ/− ကျပ်နှုန်းဖြင့်သာ အရောင်းအဝယ် ရှိကြောင်း သိရသည်။ ယခုနှစ်တွင်နှမ်းအထွက်နှုန်း ကောင်းသော်လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် နယ်စပ်ဂိတ်များ ခေတ္တပိတ်ထားသည့်အတွက် ယခင်နှစ်များထက် စျေးနှုန်းကျဆင်းရခြင်း ဖြစ်ကြောင်း" ဈေးတန်းရပ်ကွက်နေ ပွဲရုံပိုင်ရှင် ဦးစိုင်း‌မောင်မှတစ်ဆင့် သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)