ခမောက်ကြီး ဩဂုတ် ၅
တနင်္သာရီတိုင်းဒေသေကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ မိသားစုဝင်ငွေတိုးရေးလုပ်ငန်း နှင့်ပက်သက် မိသားစုဝင်ငွေတိုးရေးလုပ်ငန်းအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီး၍ သိလိုသည့်အကြောင်းအရာများအား မေးမြန်းရာကော့သောင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးထက်အောင်က စီမံကိန်းလုပ်ငန်းအကြောင်းအရာများ၊ လုပ်ငန်းဧရိယာ၊ အကောင်အထည်ဖော် ဆောင်ရွက်မည့်နည်းလမ်းများ၊ စီမံကိန်းလုပ်ငန်း ဆောင်ရွက်မည့် နယ်မြေ၊ ဒေသ၊ ကျေးရွာ ရွေးချယ်အတည်ပြုခြင်းနှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာသင်တန်းများ ရွေးချယ်ခြင်းနှင့် သင်တန်းသားများ ရွေးချယ်ခြင်းဆိုင်ရာ အကြောင်းအရာများ၊ ထောက်ပံ့မှုပေးမည့် အစီအစဉ်များပြောကြားပြီး” ဌာနအနေဖြင့် ယခုနှစ်တွင် အကောင်အထည်ဖော်ဆောင်သည့် စီမံကိန်းလုပ်ငန်းများ ပေါင်းစပ်အောင်မြင်ခဲ့မည်ဆိုရင် မြို့ပြ၊ ကျေးရွာများရှိ အခြေခံလူတန်းစားများအတွက် စီမံကိန်းဖော်ဆောင်ပြီး လုပ်ငန်းထူထောင်ပေးပြီး၊ ထောက်ပံ့ပေးမယ်ဆိုရင် မိသားစုအဆင်ပြေမှုရှိလာမည်” ဟု ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခမောက်ကြီး (ပြန်/ဆက်)