ကျီခါးမြို့ မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ အသိပေး ထုတ်ပြန်ချက်များအား ကျေးရွာများသို့ လှည့်လည်အသိပေးနှိုးဆော်

ကျီခါး  အောက်တိုဘာ ၁၄ 

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့၀င်များသည် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ အသိပေးထုတ်ပြန်ချက်များအား  ကျေးလက်နေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ယနေ့နံနက် (၁၀) နာရီအချိန်က  ကန့်ဆောက် ကျေးရွာအုပ်စု၊ ခေါဒမ် ကျေးရွာသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုး‌ဆော်ခြင်းများ စုပေါင်းဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ အသိပေး ထုတ်ပြန်ထားသော လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များအား ကျေးလက်နေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ နိုင်ရေးအတွက် ကျီခါးမြို့ မီးသတ်ဦးစီးမှူး ဦးကမ်းဆွင်းမုန် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့၀င်များက တွန်းဇံမြို့နယ်၊ ကျီခါးမြို့ ကန့်ဆောက် ကျေးရွာအုပ်စု၊ ခေါဒမ်ကျေးရွာသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခြင်းများ စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ဆလိုင်းလိန်းမာန်(ပြန်/ဆက်)