ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၌ ဌာနအတွင်း ဝန်ထမ်းစွမ်းရည်မြှင့်သင်တန်း ပို့ချ

ဟားခါး  အောက်တိုဘာ ၁၄

ဟားခါးခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဟားခါးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တို့ပူးပေါင်း၍ ဌာနအတွင်းဝန်ထမ်းများ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်၍ ဝန်ထမ်းစွမ်းရည်မြှင့်သင်တန်းကို ကိုဗစ်-၁၉ ​ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်များနှင့်အညီ ယနေ့ နံနက် ၉ နာရီအချိန်တွင် ဟားခါးမြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ဟားခါးခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဟုန်းကီးနှင့် ဟားခါးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးတို့က ဌာနအတွင်းဝန်ထမ်းများ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေစေရန်နှင့် ကိုဗစ်-၁၉ ​ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း ဌာနအတွင်း လုပ်ငန်းများ ရပ်တန့်မသွားစေရန်နှင့် သင်တန်းတွင် ပို့ချသည့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို သင်တန်းသားများအနေဖြင့် စနစ်တကျ လိုက်နာသင်ယူကြရန်များ အဖွင့်အမှာစကားပြောကြားကြပြီး သင်ခန်းစာ ပို့ချသင်ကြား ပေးခြင်းများကို ဆက်လက် ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။

အဆိုပါ သင်တန်းတွင် သင်တန်းဆရာအဖြစ် ဟားခါးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်မျိုးစေ့ တာဝန်ခံ ဦးငင့်ဇဆွင်းက စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို ရှင်းလင်းသင်ကြားပေးပြီး ဟားခါးခရိုင် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းသား (၁၅)ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ အောက်တိုဘာလ ၁၄ ရက် တစ်ရက်သာ သင်ကြားပေးသွားမည် ဖြစ်ကြောင်း ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

အောင်ခွီရှိန်း(ပြန်/ဆက်)