ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် Mask တပ်ဆင်ရန် အသိပညာပေးဆောင်ရွက်

လောက်ကိုင် အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့အတွင်းတွင်  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  Mask တပ်ဆင်ရန် အသိပညာပေးဆောင်ရွက်မှုအား  ယနေ့နံနက် ၉ နာရီအချိန် က  လူစည်ကားသော   ကျောက်တိုင်အဝိုင်းပတ်နေရာ၊ တုံချိန်လမ်းဆုံတို့တွင်  ဌာနဆိုင်ရာတာဝန်ရှိသူများ   ပူးပေါင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ mask တပ်ဆင်ထားခြင်း မရှိသူများအား  အသိပညာပေးပြောကြားပြီး mask တစ်ခုအား  ဒဏ်ငွေ(၁၀၀၀)ကျပ်အဖြစ် သတ်မှတ်အရေးယူ  ဆောင်ရွက် ကြောင်း သိရသည်။

နန်းခွာညိုနှင်း(ပြန်/ဆက်)