ဖယ်ခုံမြို့နယ်၌ Mask တပ်ဆင်ရေး ပညာပေးခြင်းများဆောင်ရွက်

ဖယ်ခုံ    အောက်တိုဘာ      ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့မဈေးရှေ့လမ်းဆုံတွင် Mask တပ်ဆင်ခြင်း မရှိသော ပြည်သူများအား ငွေဒဏ်ရိုက်ပြီး Mask တပ်သည့် အလေ့အကျင့်ဖြစ်စေရေး ပညာပေးခြင်းကို ယနေ့နံက် နာရီမှ စတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းများကို မြို့နယ်အဆင့် အသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက ဒေသခံပြည်သူ များ နေအိမ်ပြင်ပသို့ ထွက်ခွာချိန်နှင့် လုပ်ငန်းများ ဆောင်ရွက်ချိန်တွင် ပါးစပ်နှင့်နှာခေါင်းစည်း Mask ကိုစနစ်တကျတပ်ဆင်စေရေး နှင့် Mask တပ်ရန် ပျက်ကွက်သော ပြည်သူများအား ဒဏ်ငွေ ၂၀၀ ကျပ်ဒဏ်ရိုက်ပြီး Mask ကို ယခု၀ယ် ယခုတပ်သည့် အလေ့အကျင့် ဖြစ်စေရေး ကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အသိပညာပေးရေး ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ နေအိမ်/နေရာပြင်ပသို့ ထွက်ခွာပါက မဖြစ်မနေ Mask ကို စနစ်တကျ တပ်ဆင် စေရေး၊ Mask တပ်ဆင်သည့် အလေ့အကျင့် ဖြစ်စေ ရန် ပညာပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက် နေမှုများအား အသိပညာပေးခြင်း၊ စိတ်ဓာတ်မြှင့်တင်ရေး အားပေးခြင်းတို့ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

Mask တပ်ရန်ပျက်ကွက်သော ဈေးရောင်း၊ ဈေး၀ယ်သူများနှင့် လမ်းသွားလမ်းလာများအား ဒဏ်ငွေ ၂၀၀ ကျပ် ဒဏ်ရိုက်ပြီး မြို့နယ်အဆင့် အသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းထက်က Mask များ အခမဲ့ဖြန့်ဝေ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မြို့နယ်အဆင့် အသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေး လုပ်ငန်းကော်မတီတွင် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းထက်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ ပါ၀င် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ကိုထွေး(ဖယ်ခုံ)