နောင်မွန် အောက်တိုဘာ ၁၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ မိုးစပါးရာသီ၌ တောင်သူများအား စံပြကွက်များ စိုက်ပျိုးပြသလျက်ရှိသော နောင်မွန်မြို့၊ မြို့မတောင် ကွင်းအမှတ် (၁၄) တွင် (CERP) ထောက်ပံ့မှုဖြင့် စိုက်ပျိုးသော စံပြကွက်များအား ယနေ့နံနက် ၁၀ နာရီခန့်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် နောင်မွန်မြို့နယ် စိုက်ပျိုးရေးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစကျော်သက်ထွေးက မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးစိုက် တောင်သူများအား ရေမြေရာသီဥတုနှင့် ကိုက်ညီသော အထွက်ကောင်း မျိုးသန့်ဖြစ်သည့် ဆင်းဧကရီ-၃ အား (CERP) ထောက်ပံ့ငွေဖြင့် မျိုးစေ့ထုတ် စိုက်ပျိုး ထုတ်လုပ်ပြသခြင်း၊ စိုက်ပျိုးရေးဌာနပိုင် လယ်များ၌လည်း မျိုးယှဉ်ပြိုင် စမ်းသပ်ကွက်များ၊ (SRI) ပျိုးသက်နု ကောက်ကွက်ကြဲ စံပြကွက် (GAP) စံပြကွက်များ အောင်မြင်သော စိုက်ကွက်များဖြစ်လာအောင် ဆောင်ရွက်ပုံ အဆင့်ဆင့်ကို ရှင်းလင်ခဲ့သည်။
ထို့နောက် ပူတာအိုခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးထင်အောင်ဇော်က လိုအပ်သည်များအား ဖြည့်စွက်မှာကြားခဲ့သည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးမှုအား ပူတာအိုခရိုင် ခရိုင်ဦးစီးအရာရှိ ဦးထင်အောင်ဇော်၊ ခရိုင်မျိုး စေ့တာဝန်ခံ ဦးဉာဏ်ကျော်နှင့် မြို့နယ်ဦးစီးမှူး ဦးစကျော်သက်ထွေးတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြနန်း (ပြန်/ဆက်)