ကျောက်မဲ အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ် ၉ ရပ်ကွက်မှ ကိုတင့်နှင့် သူငယ်ချင်းတစ်စု သည်စုပေါင်း၍ ယမန်နေ့ညနေ ၃ နာရီက ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အမှတ် ၉ ရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသူ အိမ်ထောင်စု ၄၀ စုအား ဆန်၊ဆီ ရိက္ခာများ ထောက်ပံ့လှူဒါန်ပေးခဲ့ကြောင်း သိရသည်။
"သမီးတို့ရဲ့သူငယ်ချင်းတွေစုပြီး မုန့်ဖိုးတွေထဲကနေ နွမ်းပါးသူများအတွက် တစ်ပိုင်တစ်နိုင် လှူဒါန်းတာပါ အများကြီးတော့ မဟုတ်ပါဘူး ဆက်ပြီးတော့လည်း လှူဒါန်းသွားဖို့ရှိပါတယ်" ဟု ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဝင်ငွေနည်းပါးပြီး နွမ်းပါးသူများအတွက် ၎င်းတို့သူငယ်ချင်းတစ်စု မှ စုပေါင်း၍ တစ်ပိုင်တစ်နိုင် လှူဒါန်းခြင်းဖြစ်ကြောင်းကို ပါဝင်လှူဒါန်းခဲ့သူ အမျိုးသမီးငယ်တစ်ဦး က ပြောကြားခဲ့သည်။
အဆိုပါ ကိုတင့်နှင့်အဖွဲ့တို့သည် ကျောက်မဲမြို့ပေါ်ရှိ နွမ်းပါးသူ မိသားစုဝင်များကို ရှာဖွေ၍ ဆန်၊ ဆီ ရိက္ခာများအိမ်တိုင်ရာရောက် ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)