ကာလိ ဩဂုတ် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကာလိမြို့၌ ကျောင်းသား၊ကျောင်းသူများကို ပလတ်စတစ်များ စနစ်တကျသုံးစွဲတက်စေရန် ရည်ရွယ်၍ ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း (မိုင်းယိုင်း)၌ ဆောင်ရွက်ခဲ့ကြသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ပလတ်စတစ်သုံးစွဲခြင်းဆိုင်ရာဆိုးကျိုးများ၊ ပလတ်စတစ် များကို စနစ်တကျသုံးစွဲပုံများ၊ ပလတ်စတစ်အမှုန်များ၏ အဓိကအရင်းမြစ်များနှင့် ပလတ်စတစ်အမျိုးအစား အကြောင်းအရာများကို ပြောကြားခဲ့ပြီး၊ အခြေခံပညာ မူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီကိုလင်းက ပလတ်စတစ်များကို စနစ်တကျစွန့်ပစ်ရန်နှင့် ပလတ်စတစ်အစားထိုး အသုံးပြုသင့်ပုံများကို ရှင်းလင်း ဟောပြောခဲ့ကြကြောင်းသိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များ သုတ/ရသ စုံလင်စွာခင်းကျင်းပြသခဲ့ပြီး ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရသည်။
ထင်ထင်(ကာလိ၊ပြန်/ဆက်)