ဘောလခဲ အောက်တိုဘာ ၁၄
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ရောင်းချနေသော ကုန်စုံဆိုင်များ၌ ရက်လွန်စားသောက်ပစ္စည်းများ ရောင်းချမှုရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီခွဲက ဆောင်ရွက်ခဲ့သည်။
ထိုသို့ လိုက်လံစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်နှင့် မြို့နယ်ကျန်းမာရေးမှူး၊ မြို့နယ်ရဲစခန်းမှူး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်းရှိ ရောင်းချနေသော ကုန်စုံဆိုင်များတွင် စားသုံးရန် မသင့်သော ရက်လွန်အစားအသောက်များ၊ ဆေးဝါးများကို သိမ်းဆည်းပြီး မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။
ဖိုးရယ်