ကျုံပျော် အောက်တိုဘာ ၁၄
ကိုဗစ်-၁၉ကာလအတွင်း ချို့တဲ့အိမ်ထောင်စုများ စားသုံးမှုအဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့တွင် အလှူရှင်များက ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၆၃)စုကို ဆန်နှင့် စားသောက် ကုန်များ ထောက်ပံ့ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှူဒါန်းပစ္စည်းများမှာ အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်သွန်နီနှင့် ခေါက်ဆွဲခြောက် စသည်တို့ဖြစ်ပြီး၊ အထောင်မြို့ရှိ ဦးဝင်းဦး(ဝင်းမေတ္တာဆန်စက်)နှင့် သူငယ်ချင်းများက စုပေါင်းလှူဒါန်းခြင်း ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန် လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။
လှူဒါန်းမှုမှာ စုစုပေါင်း တန်ဘိုးကျပ် (၇)သိန်းခွဲဖြစ်ပြီး၊ အထောင်မြို့ အမှတ်(၄)ရပ်ကွက်၊ မအူချောင်းနယ်မြေရှိ ချို့တဲ့ အိမ်ထောင်စု (၆၃) စုသို့ ခွဲဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)