ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ MPT ဝန်ထမ်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများက ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် အလှူငွေ ကျပ်သိန်း (၅၀) လှူဒါန်း

ကျိုင်းတုံ အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ MPT ဝန်ထမ်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများက ပြည်နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် အလှူငွေကျပ်သိန်း (၅၀) လှူဒါန်းမှုကို ယနေ့မွန်းလွဲ (၁)နာရီ က ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းငွေများကို ပြည်နယ်အတွင်းရှိ MPT ဝန်ထမ်းများအပါအဝင် မိတ်ဖက်အဖွဲ့အစည်း များဖြစ်သော  Huawai Technologies Co.,Ltd, Yadanarbon Co.,Ltd,(LSP), မိုင်းလားမြို့ Yar Chang Co.,Ltd,(LSP&DTR), Eastboy Co.,Ltd,(LSP), နန်းကိန်ဖောင်းတစ် မိုင်းဆတ် (DTR), Matrix-Stream Co.,Ltd, (LSP) တို့က ပူးပေါင်းပါဝင် လှူဒါန်းကြခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံက သိရသည်။

အလှူငွေများအနေဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်း ကိုဗစ်-၁၉  ရန်ပုံငွေလက်ခံရေးနှင့် ကြီးကြပ်ရေးကော်မတီသို့ ငွေကျပ်(၁၀)သိန်း ကို ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင် ထံ ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ငွေကျပ် (၄၀)သိန်းကို ကျိုင်းတုံခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ရန်ပုံငွေ ရှာဖွေရေးကော်မတီသို့ လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျိုင်းတုံခရိုင်အတွင်း ကာကွယ်ထိန်းချုပ်နိုင်ရေး Quarantine နေရာများ၌ အထောက်အပံ့ ပေးနိုင်ရေး လုပ်ငန်းများတွင် အသုံးပြုသွားမည်ဟု သိရသည်။         

ငုချိုချိုကျော် (ပြန်/ဆက်)