မအူပင်မြို့ ကိုဗစ်-၁၉ လူနာများအတွက် ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် တပင်ရွှေထီး (ဆန်စက်နှင့်ရွှေဆိုင်) မိသားစုမှ ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများ လှူဒါန်း

မအူပင် အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ အထွေထွေရောဂါကုဆေးရုံတွင် ကိုဗစ်-၁၉ လူနာများအတွက် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် မအူပင်မြို့ရှိ အလှူရှင်ဦးဒလစ်(ခ) ဦးဉာဏ်ထွန်း + ဒေါ်စန်းစန်းမြင့် တပင်ရွှေထီး (ဆန်စက်နှင့်ရွှေဆိုင်) မိသားစုမှ ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက မအူပင်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီးတွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

အလှူရှင် ဦးဒလစ်(ခ)ဦးဉာဏ်ထွန်း+ ဒေါ်စန်းစန်းမြင့် (တပင်ရွှေထီး ဆန်စက်နှင့်ရွှေဆိုင်) မိသားစုမှ မအူပင်မြို့ အထွေထွေရောဂါကုဆေးရုံကြီး၊ ကိုဗစ် - ၁၉ လူနာများအတွက် ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများတွင် ဘက်စုံအသုံးပြုနိုင်စေရန် ကျပ် (၇၈၄၇၅၀၀/-) တန်ဖိုးရှိ PPE (၄၀၀) ခု၊ CIC PPE (၂၈၅) ခုနှင့် Surgical Gown (၆၅၀) ခုတို့အား လှူဒါန်းခဲ့ရာ မအူပင်ခရိုင် အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဇင်က လက်ခံရရှိခဲ့ကြောင်း သိရသည်။


အောင်ခိုင်၊အောင်မြင့်မြတ်(မအူပင်)