မိုင်းပန်မြို့နယ်၊ ဆားဝါးကျေးရွာအုပ်စုအတွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်

မိုင်းပန်    အောက်တိုဘာ   ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ဆားဝါးကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများတွင် အောက်တိုဘာလ (၁၃) ရက်နေ့နှင့် (၁၄) ရက်နေ့တို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကျေးရွာနေပြည်သူများ သိရှိလိုက်နာရန် လိုအပ်သည့် အချက်အလက်များအား ကျေးလက်ကျန်းမာရေးဌာနရှိ ကျန်းမာရေးဝန်ထမ်းများမှ ကျေးရွာ အတွင်း လှည့်လည်၍ Hand Speaker ဖြင့် လိုက်လံဆော်ဩခြင်းနှင့် နှာခေါင်းစည်း (Mask) များ ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နားလော ၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဒေါ်ချောအိသင်းနှင့် သားဖွားဆရာမ ဒေါ်အေးမြတ်မိုးတို့မှ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် လတ်တလောအခြေအနေများ၊ ရောဂါ ကာကွယ်ထိန်းချုပ် ရာတွင် အရေးပါသည့် လက်ဆေးရန်၊ နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရန်၊ လူစုလူဝေး ရှောင်ရှားရန်စသည့် အချက်များအား သိရှိလိုက်နာနိုင်စေရန်နှင့် ရောဂါလက္ခဏာ သံသယ ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ လာရောက်၍ သတင်းပို့ရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန် သည့် သတင်းများကိုသာ ယုံကြည်ရန်စသည့် အကြောင်းအရာများအား အောက်တိုဘာလ (၁၃) ရက်နေ့ ညနေ (၄)နာရီအချိန်တွင် ကန်မောက်လျံ ကျေးရွာနှင့် ပိန်းလုံကျေးရွာတို့တွင်လည်းကောင်း၊ အောက်တိုဘာလ (၁၄) ရက်နေ့ နံနက် (၈) နာရီအချိန်တွင် ဆုပ်ဟွေ ကျေးရွာတွင်လည်းကောင်း ကျေးရွာအတွင်း လှည့်လည်၍ ကျေးရွာနေ ပြည်သူအများသိရှိလိုက်နာနိုင်စေရန် Hand Speaker ဖြင့် လိုက်လံ ဆော်ဩခြင်းနှင့် နှာခေါင်းစည်း (Mask) များပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

စိုင်းဆန်းမြင့်