တုံတာမြို့၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

တုံတာ အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ပြည်သူများ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ တိကျမှန်ကန်စွာ သိရှိနိုင်စေရန်ရည်ရွယ်၍ ပညာပေးနံရံကပ်စာစောင်များကို ယနေ့မွန်းလွဲ ၂နာရီခန့် က ပြသခဲ့သည်။

ထိုသို့ပြသရာတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများနှင့် ဆောင်ရန်/ရှောင်ရန်များ၊ မီဒီယာနှင့် သတင်းအချက်အလက် သိရှိနားလည်မှုရှိသော မိဘအုပ်ထိန်းမှုအတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာနည်းလမ်းများ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှု အကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်/ရှောင်ရန်များ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ၊ ကလေးများနှင့်အတူ စာဖတ်ပါ၊ ကလေးများနှင့်အတူ သတင်းကြည့်ရာဝယ်စသည့် အသိပညာပေးအကြောင်းအရာ မျိုးစုံကို ပြည်သူများကြည့်ရှု လေ့လာနိုင်စေရန် ပြသထားကြောင်းနှင့် အဆိုပါ အသိပညာပေး အချက်အလက်များကို တုံတာမြို့ ပြည်သူ့စာကြည့်တိုက် Page နှင့် IPRD Tongtar Page များတွင်လည်း လွှင့်တင်ပေးထားကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ သိရသည်။

လှိုင်လှိုင်ငြိမ်း(ပြန်/ဆက်)