မြောင်းမြမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းအတွက် အလှူငွေများ ​ပေးအပ်လှူဒါန်း

မြောင်းမြ  အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူရှင်များက မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန့်ရေး ကော်မတီသို့ အလှူငွေများ လှူဒါန်းခြင်းကို ယမန်နေ့ညနေ နာရီက လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့သို့လှူဒါန်းရာတွင် ဦးဖိုးထောင်၊ ဒေါ်ကျင်ရင်မိသားစု (ကမ္ဘာကျော် စက်သုံးဆီနှင့် ဓာတ်မြေသြဇာ ရောင်းဝယ်ရေး၊ ဦးဖိုးထောင်နှင့်သားများ စက်သုံးဆီအရောင်းဆိုင်) မိသားစုတို့မှ အလှူငွေကျပ် (၅၀၀၀၀၀)အား ပေးအပ် လှူဒါန်းခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန့်ရေး ကော်မတီအဖွဲ့ဝင် (မြို့မိမြို့ဖ) ဒေါက်တာ မောင်မောင်အောင် က လက်ခံခဲ့ကြောင်းသိရသည်။

ထို့နောက်လှူဒါန်းမှုအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေက ဂုဏ်ပြုမှတ်တမ်းလွှာကို အလှူရှင်အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကေခိုင်စိုး(မြောင်းမြ)