တွန်းဇံမြို့၌ မဲရုံလုံခြုံရေး ဆောင်ရွက်ပေးမည့် အထူးရဲများအား Rapid Test ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး

တွန်းဇံ  အောက်တိုဘာ ၁၄

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် မဲရုံလုံခြုံရေး ဆောင်ရွက်ပေးမည့် အထူးရဲများအား  Rapid Test ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို ယနေ့နံနက် (၈) နာရီခွဲအချိန်တွင် စစ်ဆေးပေးလျက် ရှိသည်။

တွန်းဇံမြို့၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထန်ရှန်းခိုင် ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနေစဉ် မဲရုံလုံခြုံရေးကို တာဝန်ယူဆောင်ရွက်ပေးမည့် အထူးရဲ သင်တန်းသားကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ Rapid Test ဖြင့် စစ်ဆေးဆောင်ရွက် ပေးလျက်ရှိသည်။ တွန်းဇံမြို့နယ်တွင် မဲရုံပေါင်း (၈၃) ရုံရှိသည့်အတွက် အထူးရဲတပ်ဖွဲ့ဝင် (၈၃) ဦးအား ခေါ်ယူပြီး သင်တန်းပိုချပေးလျက်ရှိရာ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ Rapid Test ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)