ဝိုင်းမော်မြို့ပေါ် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဒုတိယအကြိမ် မဲစာရင်း ကြေညာကပ်ထားမှု အခြေအနေကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

ဝိုင်းမော် အောက်တိုဘာ        ၁၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့ပေါ်ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဒုတိယ အကြိမ် မဲစာရင်းကပ်ထားမှုအခြေအနေကို ယနေ့နံနက်(၁၀)နာရီက ခရိုင်ကော် မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင်အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက မြို့ပေါ်ရပ်ကွက်(၂)နှင့် နောင်တာလောကျေးရွာ ကော်မရှင်ရုံးများ၌ ဒုတိအကြိမ်မဲစာရင်းကြေညာကပ်ထားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရပ်/ကျေးကော်မရှင်အဖွဲ့ဝင်များအား မဲစာရင်းမှန်ကန်မှုရှိစေရေး၊ နိုင်ငံသားအခွင့် အရေးဖြစ်သည့် မဲပေးပိုင်ခွင့်ရှိသူများအား မဲစာရင်းတွင်ကျန်ရှိမှုမရှိစေရန် စိစစ်ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းချိတ်ဆက် ဆောင်ရွက်ရန်မှာကြားခဲ့သည်။

ဝိုင်းမော်မြို့နယ်တွင် မဲရုံ(၅၈)ရုံရှိပြီး ဒုတိယအကြိမ် မဲစာရင်းကြေညာကပ်ထားရာ၌ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူစုစုပေါင်း ( ၈၅၃၀၄ )ဦးရှိကြောင်း သိရှိရသည်။

ခိုင်သက်မွန်(ပြန်/ဆက်)