ညောင်ရွှေ အောက်တိုဘာ ၁၄
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ် နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှထုတ်ဝေသော "မဲပေးခြင်းဆိုင်ရာ စည်း မျဉ်းစည်းကမ်းများ" နှင့် "ဒီမိုကရေစီရှင်သန်ဖို့ မသန်ပေမယ့် စွမ်းသူများအားလုံး မဲပေးကြစို့" အသိ ပညာပေး လက်ကမ်းစာစောင်များကို ညောင်ရွှေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်း က ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်များတွင် မဲပေးခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ မသန်စွမ်းသူများအားလုံးအတွက် မဲပေးနိုင်မည့် အစီအစဉ်များ၊ မဲပေးရာတွင် ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်ရေး အသိပညာပေး အကြောင်းအရာများကို သရုပ်ဖော်ကာတွန်းများဖြင့် ဖော်ပြ ထားရှိပြီး အများပြည်သူ မဲပေးခြင်းဆိုင်ရာအသိပညာရရှိရန် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နေမျိုးသူရိန်