တွန်းဇံ အောက်တိုဘာ ၁၅
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်တွင် အခြေခံပညာ အထက်တန်းကျောင်းတွင် သင်တန်းတက်ရောက်နေကြသော အထူးရဲသင်တန်းသားများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆလိုင်းထောင်မှ သွားရောက်အားပေး အမှာစကား ပြောကြားခဲ့သည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆလိုင်းထောင်သည် အထူးရဲသင်တန်း တက်ရောက်နေကြသော သင်တန်းသား များကို သွားရောက် တွေ့ဆုံပြီး အမှာစကားပြောကြားရာတွင် ယခုသင်တန်းတက်ရောက်နေကြသော သင်တန်းသား များဖြင့် ရွေးကောက်ပွဲကာလတွင် မိမိတို့ ကျေးရွာရှိမဲရုံများတွင် လုံခြုံရေးတာဝန်ကို ထမ်းဆောင်ကြ ရမည်ဖြစ်ကြောင်း၊ ယင်းသို့ လုံခြုံရေးတာဝန်များထမ်းဆောင်ရာတွင် သင်တန်းမှ သင်ကြားပို့ချပေးသည့် သင်ခန်းစာများဖြင့် မိမိတို့ကျေးရွာရှိ မဲရုံများတွင် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားမှု မရှိအောင် ဆောင်ရွက် ပေးကြ စေလိုကြောင်း၊ မိမိတို့ ကျေးရွာရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရှိ တာဝန်ရှိသူများနှင့် မဲရုံမှူး၊ ဒု-မဲရုံမှူးတို့နှင့် ပူးပေါင်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေ ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပူး ပေါင်း ဆောင်ရွက်ပေးကြ စေလိုကြောင်း စသည့်ဖြင့် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)