တနင်္သာရီ ဩဂုတ် ၁၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ အ.ထ.က-တနင်္သာရီ ပညာရတနာခန်းမအတွင်း ဩဂုတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက ကျောင်းသားလူငယ်လူရွယ်များ ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အ.ထ.က-တနင်္သာရီ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမများ၊ Grade-11 အတန်းမှ ကျောင်းသား/သူ (၁၅၀)ကျော်တို့ တက်ရောက်ခဲ့ကြသည်။
၎င်းလူငယ်စကားဝိုင်းအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူးဦးခင်အေးက အမှာစကားများ ပြောကြားပေးခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းက လူငယ် လူအရွယ်များ ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုးပြီး အသိပညာဗဟုသုတများ တိုးပွါးစေရန်၊ နှုတ်မှု စွမ်းရည်များတိုးတက်လာစေရန်၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်၊ လူငယ်များအချင်းချင်း အသိပညာ-အတတ်ပညာများ ဖလှယ်နိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန် စာဖတ်သူဦးရေ တိုးတက်လာစေရန်နှင့် စာကြည့်တိုက်ကို အသုံးချတတ်လာစေရန် စသဖြင့် လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်သီသီခိုင်က ဦးဆောင်လျက် လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရာ အ.ထ.က-တနင်္သာရီကျောင်း Grade-11 အတန်းမှ မောင်ရဲဝေယံက လူငယ်နှင့်နည်းပညာ၊ Grade-9 အတန်းမှ မောင်ဝေယံထက်က လူငယ်နှင့်စာဖတ်ခြင်း၊ မချိုစုလွင်က လူငယ်နှင့်ကျန်းမာရေး၊ မဆုယွန်းဖြူဖြူက လူငယ်နှင့်ပညာရေး စသည့် ခေါင်းစဉ်များဖြင့် စိတ်ဝင်စားဖွယ် ပညာပေးဆွေးနွေးပေးကြကြောင်း သိရှိရသည်။
ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးပေးခဲ့သည့် ကျောင်းသူ/သားများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပေးအပ်ကြကြောင်း သိရှိရသည်။
ယင်းနောက် အ.ထ.က-တနင်္သာရီကျောင်းအုပ်ဆရာကြီး ဦးအေးနိုင်က ကျေးဇူးတင်စကားပြောကြားပြီးနောက် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကြကာ အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)