ကော့သောင်း၊ အောက်တိုဘာ ၁၅
ကော့သောင်းမြို့တွင် အစားအသောက်ရောင်းချသောဆိုင်များအား ပါဆယ်စနစ်ဖြင့် စနစ်တကျ ရောင်းချမှု အခြေအနေများအား ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိပူးပေါင်းအဖွဲ့များဖြင့် ယမန်နေ့နံနက်ပိုင်းက လိုက်လံကြပ်မတ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆောင်ရွက်မှုတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုမဖြစ်ပေါ်စေရေး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအဖွဲ့များဖြင့် ကော့သောင်းမြို့ပေါ် ရပ်ကွက်များရှိ အစားအသောက်ရောင်းချသော လက်ဖက်ရည်ဆိုင် များ၊ ထမင်းဆိုင်များ၊ နှင့်အခြားအစားအသောက် ရောင်းချသည့် အိမ်ဆိုင်များအား ဆိုင်အနီးစုဝေး စားသောက် ခြင်း ရှိမရှိ၊ပါဆယ်စနစ်ဖြင့်စနစ်တကျ ရောင်းချမှု အခြေအနေများ၊ Mask နှင့် Face Shield များ တပ်ဆင်ရောင်းချရေးနှင့် သတ်မှတ်အကွာအဝေးအတိုင်း ရောင်းချစေရေးစသည့် စည်းကမ်းချက် များအား လိုက်နာနိုင်ခြင်းရှိမရှိ စသည့်လုပ်ငန်းများ အားလိုက်လံကြပ်မတ် ဆောင်ရွက်ခြင်းခဲ့ကြခြင်းဖြစ်ကြောင်း သိရ သည်။
ကျော်စိုး(ကော့သောင်း)