ရေဇွာမြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်း ခွင့်ပြုရန် ပုံငွေကျပ် (၁၀)သန်း အောက်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်း(၂)ခုအား တင်သွင်းလွှာရောင်းချ

ရေဇွာ   အောက်တိုဘာ ၁၅

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်(၁၀)သန်း အောက်ဖြင့် ဆောင်ရွက် မည့်လုပ်ငန်း(၂)ခုအား အဆိုပြု တင်သွင်းလွှာ စတင်ရောင်းချခြင်းကို အောက်တိုဘာလ(၆)ရက်နေ့မှ စတင်ရောင်းချခဲ့ကြောင်းသိရသည်။

ရေဇွာမြို့စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်(၁၀)သန်းအောက်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်း(၂)ခုအား အဆိုပြုတင်သွင်းလွှာ စတင်ရောင်းချခြင်းကို အောက်တိုဘာလ (၆)ရက်နေ့မှ စတင်ရောင်းချခဲ့ပြီး အောက်တိုဘာလ(၁၉)ရက်နေ့ ညနေ(၁၆၀၀)နာရီတွင် ပိတ်မည်ဖြစ်သည်။ ယင်းအဆိုပြုတင်သွင်းလွှာများကို ရေဇွာမြို့စည်ပင်သာယာရေး အဖွဲ့ရုံးတွင် တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

ဟုန်းအွမ်(ပြန်/ဆက်)