လိုင်လင်းပီ အောက်တိုဘာလ ၁၅
ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၌ ဒေသခံပြည်သူများ ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့အဝင်/ ထွတ် ဂိတ်(၂)ခု၌ အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်၊၊
အဆိုပါ ဂိတ်များတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများမှ ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးခြင်း၊ မှတ်ပုံတင်စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်များ မေးမြန်း၍ စာရင်းမှတ်သား ရေးသွင်းခြင်း၊ တစ်ဦးနှင့် တစ်ဦး(၆)ပေအကွာ ခြား၍ စစ်ဆေးခြင်း အစရှိသည့် ကျန်းမာရေး အသိပညာပေးခြင်း၊ နှာခေါင်း စည်း(MASK)တပ်ဆင်ခြင်းမရှိပါက ချက်ချင်းတပ်ဆင်နိုင်စေရန် အခမဲ့ထားရှိပေးပြီး တပ်ဆင်စေ ခြင်း၊ မြို့ပြင်ပမှ မြို့အတွင်း ဝင်ရောက်လာသည့် ခရီးသွား ပြည်သူများအား ခရီးသွား ထောက်ခံချက် ပါ/ မပါ စစ်ဆေးခြင်း စသည့် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် နေ့စဉ် ဆောင်ရွက်လျက်ရှိသည်၊၊
ထို့ပြင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို ပြည်သူ များ လိုက်နာဆောင်ရွက်ရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ရပ်နီး/ရပ်ဝေးမှ ခရီးသွား ပြည်သူများအနေဖြင့် မဖြစ်မနေခရီးထွက်ခွာမည်ဆိုပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးညွှန်ကြားချက်များ၊ ဒေသန္တရ အမိန့်များနှင့်အညီ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်များနှင့် အမျိုးသားမှတ်ပုံတင် ကတ်ပြားများပါရှိမှသာ မြို့တွင်းသို့ ဝင်ခွင့်ပြုမည် ဖြစ်ကြောင်းလိုင်လင်းပီမြို့၊ မြို့အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေး ကော်မတီအဖွဲ့မှ သိရသည်။
ဆလိုင်းနိုင်းခွီရှိန်း(ပြန်/ဆက်)