ပန်ဆိုင်း ဇန်နဝါရီ ၅
မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်၊ စာပေချစ်မြတ်နိုးသူ(Book Club)အသင်းတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက စာရေးဆရာအောင်သင်း၏ “နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ”စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်သည်။
ရှေးဦးစွာ ပန်ဆိုင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းမိုးခိုင်က စာဖတ်ဝိုင်းပြုလုပ်ပြီး အသိပညာဗဟုသုတများကို အပြန်အလှန် ဆွေးနွေးခြင်း အားဖြင့် ဗဟုသုတများပိုမိုရရှိရုံမက မိမိသိရှိလိုသည့် အကြောင်းအရာများကို ပွင့်လင်းမြင်သာစွာ မေးမြန်းနိုင်ကြောင်း၊ စာအုပ်၊ စာပေချစ်မြတ်နိုးသူ (Book Club) အသင်းသားများလည်း ပိုမိုတိုးပွားလာရန်အတွက် မိမိအသိမိတ်ဆွေများကိုလည်း စာဖတ်ဝိုင်းသို့ တက်ရောက်လာနိုင်ရန် ပြောဆိုစည်းရုံးကြရန် ပြောကြားသည်။
ဆက်လက်ပြီး “နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ”စာဖတ်ဝိုင်းကျင်းပရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တီဒိုင်စိုင်းက “စာတတ်ဖို့ စာဖတ်စို့”ခေါင်းစဉ်ဖြင့် ဦးဆောင် ဆွေးနွေးသည်။ ကျောင်းအုပ်ဆရာမကြီး၏ ဆွေးနွေးချက်အပေါ် တက်ရောက်လာကြသည့် စာအုပ်၊ စာပေဝါသနာရှင်များက ပြန်လည်ဆွေးနွေးပြီး သိရှိလိုသည့် မေးမြန်းချက်များကို စာအုပ်၊ စာပေချစ်မြတ်နိုးသူ(Book Club)အသင်းတို့ အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။
သန်းမိုးခိုင်(ပြန်/ဆက်)