ဟိုပုံးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်ပြဘုတ်တွင် ကိုဗစ်−၁၉ ဆိုင်ရာ အသိပညာပေး ရုပ်ပုံများပြသ

ဟိုပုံး  အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့ မြေစိုက်ပြဘုတ်တွင် ပြည်သူများအသိပညာဗဟုသုတ ရရှိနိုင်ရေး၊ သိရှိလေ့လာဖတ်ရှု နိုင်ရန်အတွက် ကိုဗစ်−၁၉ ဆိုင်ရာအသိပညာပေးရုပ်ပုံများကို အောက်တိုဘာလ ၁၅ ရက်နေ့မှ စတင်၍ ပြသဆောင်ရွက်ခဲ့သည်။

UNESCO မှ ပေးပို့လာသော ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေးရုပ်ပုံ  (၁၈) ပုံ၌ သတင်း၊ ခွဲခြမ်း စိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ၊  သတင်းတင်ဆက်ချက်များထဲမှ ဓမ္မဓိဋ္ဌာန် သတင်းအချက်အလက်များနှင့် ပုဂ္ဂလဓိဌာန် သတင်းအချက်အလက်များ၊ သတင်းတွင် အသုံးပြု သတိထား ကြည့်ရှုပါ၊ အချက်အလက်နှင့် ထင်မြင်ယူဆချက်၊ အချက် အလက်နှင့် ထင်မြင် ယူဆချက် တို့ကို ခွဲခြားဖို့ ခက်နေပါသလား၊ ကလေးများနှင့်အတူတူ သတင်းကြည့်ရာဝယ်၊ မီဒီယာ နှင့် သတင်းအချက် အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာ နည်းလမ်းများ၊ ရုပ်ရှင် အတူတူကြည့်ပါ၊ ကလေးများနှင့်အတူ စာဖတ်ပါ၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု ရှိသော မိဘ/ အုပ်ထိန်းမှု အတတ်ပညာနှင့် မီဒီယာနှင့် အချက်အလက် သိနားလည်မှု လုပ်ကြံသတင်းများ ရှိသော မိဘ/ အုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာ ရေး၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု ရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် ကြော်ငြာများ၊ သမိုင်းဝင် တည်နေရာများကို ပုံရိပ်ယောင် နည်းပညာ ဖြင့် သွားရောက်လေ့လာရာဝယ်၊ ကလေးသူငယ်/လူငယ်နှင့် လူမှုမီဒီယာ အသုံး ပြုမှု သဘောတူညီချက် တစ်ရပ် ပြုလုပ်ပါ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်း လုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် သတင်း အချက်အလက် များ က မည်သို့ဆက်စပ် အရေးပါကြောင်း ကလေးများနှင့်အတူ ဆွေးနွေးပါ၊ သင်သည် မီဒီယာနှင့် သတင်း အချက်အလက်ဆိုင်ရာ သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းသူ တစ်ဦးဖြစ်ပါသလား၊ မီဒီယာ နှင့် သတင်းအချက် အလက် သိနားလည်မှု ရှိသော မိဘ/အုပ်ထိန်းမှုအတတ်ပညာ ဆိုသည်မှာ အဘယ်နည်းစသည့် ခေါင်းစဉ်ပါသည့် ရုပ်ပုံများကို ပြသခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကိုဗစ်−၁၉ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေး ရုပ်ပုံများကို ပြသဆောင်ရွက် ခြင်းဖြင့် ပြည်သူများက သတင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပိုမိုနားလည်နိုင်မည်ဖြစ်ပြီး ပြည်သူများ လာရောက်ကြည့်ရှုကြ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)