ကျီခါးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ဆိုင်ရာ သတင်းအချက်အလက် အသိပညာပေး နံရံကပ်စာ‌စောင်ပြသ ဆောင်ရွက်ပေး

ကျီခါး  အောက်တိုဘာ  ၁၅

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ မြေစိုက် နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ဆိုင်ရာ သတင်းအချက်အလက် အသိပညာပေး နံရံကပ် စာစောင်ပြသ ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ၁ နာရီအချိန်က  ပြသဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ပြသဆောင်ရွက်ရာတွင် မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိကောင်းစရာများဖြစ်သော မီဒီယာနှင့်သတင်း အချက်အလက်သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းသူ အတတ်ပညာ နည်းလမ်းများ၊ လူမှုမီဒီယာအပေါ် ဆွေးနွေးရာတွင် ဆောင်ရန်/ရှောင်ရန်များ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင် ယူဆချက်များ၊ ကိုဗစ်-၁၉ ‌ရောဂါ နှင့်ပတ်သက်၍ ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ နေထိုင်မှု ပုံစံသစ်နှင့် ကာကွယ်ရေး နည်းလမ်းများစသည့် သိကောင်းစရာ အကြောင်းအရာများကို ပြည်သူများ လွယ်ကူစွာ ကြည့်ရှုလေ့လာ နိုင်စေရန်အတွက် ပြသဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဆလိုင်းလိန်းမာန်(ပြန်/ဆက်)