မြို့လှ အောက်တိုဘာ ၁၅
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့တွင် အသက်(၆)လမှ (၅)နှစ်အောက်ကလေးများအား ပုံမှန် ကာကွယ်ဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ ကျေးလက်ကျန်းမာရေး ဌာနခွဲ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျေးလက်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး တိုက်လာကြသည့်သူများအား (Mask)များ စနစ်တကျတတ်ဆင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဆပ်ပြာဖြင့်စနစ်တကျ လက်ဆေးစေခြင်းများ ဆောင်ရွက်စေပြီးနောက် မြို့ပေါ်ရပ်ကွက်များရှိ အသက်(၆)လမှ (၅)နှစ်အောက် ကလေးများကို ကိုယ်အလေးချိန် တိုင်းတာပေးခြင်း၊ ဘီတာမင်(အေ)နှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ကလေးသူငယ်(၁၀၅)ဦးအား တိုက်ကျွေး ပေးခဲ့သည်။
မြို့လှမြို့တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လစဉ်လဆန်းပိုင်းတွင် ဆောင်ရွက်ခဲ့သော်လည်း ရောဂါဖြစ်ပွားမှု မြှင့်တက် နေသည့်ကာလ၌ ခေတ္တယာယီရပ်နားထားရာမှ ယနေ့တွင် ပြန်လည်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကျော်မင်းနိုင်