ခေါင်လန်ဖူး အောက်တိုဘာ ၁၅
၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ခေါင်လန်ဖူး မြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ခေါင်လန်ဖူးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခေါင်လန်ဖူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနန်ဟီးဗေးက အဖွင့်အမှာ စကားပြောကြားကာ မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးနန်ဇေ့ဖုန်ဂါရမ်က သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းသို့ ခေါင်လန်ဖူး မြို့နယ် အတွင်းရှိ မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၃) အုပ်စုရှိ မဲရုံ (၃၆) ရုံတွင် မဲရုံမှူး၊ ဒုမဲရုံမှူးအဖြစ် ဆောင်ရွက်မည့် ဆရာ၊ ဆရာမ (၈၈) ဦးတက်ရောက်ကြမည်ဖြစ်ကြောင်း၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများက သင်တန်းပို့ချဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ သင်တန်း ကာလမှာ အောက်တိုဘာ ၁၅ ရက်နေ့မှ အောက်တိုဘာ ၁၆ ရက်နေ့အထိ ၂ ရက်ကြာ ဖွင့်လှစ် ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှသိရပါသည်။
ငြိမ်းအိအိဖြိုး( ပြန်/ဆက်)