ရှားတောမြို့၌ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီအစည်းအဝေး ကျင်းပ

ရှားတော အောက်တိုဘာ ၁၅

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက် (:၃၀)နာရီအချိန်က မြို့နယ်စုပေါင်းရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင် က ၂၀၂၀ ပြည်နှစ်၊ နိုဝင်ဘာလ () ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ ဘေးကင်း လုံခြုံစွာမဲပေးနိုင်ရေးအတွက် လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းထားရှိမှု အခြေအနေနှင့် လုပ်ငန်း တာဝန်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်က မဲရုံလုံခြုံရေးစီမံချက် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက သိရှိလိုသည် များကိုမေးမြန်းခြင်း၊ ကဏ္ဍအလိုက်တင်ပြခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက် ခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင် က ဆွေးနွေးမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းအောင်(ပြန်/ဆက်)