အင်္ဂပူမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်း

အင်္ဂပူ၊ အောက်တိုဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း ကိုဗစ်-၁၉ ထိန်းချုပ်‌ရေးနှင့် အ‌ရေးပေါ် ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်‌ကျေးလက်ဦးစီးဌာနနှင့် မြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ ဝန်းထမ်းမိသားစုများမှ  မြို့နယ်ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေများလှူ ဒါန်းခြင်းကို ယမန်နေ့ညနေ‌ ၃ နာရီက လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် အင်္ဂပူမြို့‌ ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်း‌ဇော်စိုးနှင့် မြို့နယ်လူထု ဗဟိုပြုစီမံကိန်း နည်းပညာအကြံပေး အဖွဲ့ခေါင်း ဆောင်ဦးဝင်းနိုင်တို့မှ အလှူငွေကျပ် (၅၂၁၀၀၀) သိန်းအား ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန့်ရေး ကော်မတီအဖွဲ့ဝင် ဦးဝင်းကိုကို (အခွန်ဦးစီးမှူး) က လက်ခံခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းမှုအတွက် မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးရဲရင့်လှိုင်က ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)