လင်းခေး အောက်တိုဘာ ၁၅
လင်းခေးခရိုင်၊ လင်းခေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ရပ်ကွက်နှင့်ကျေးရွာ စာရေး ဝန်ထမ်းများအား (ODK) app သင်တန်းကို ယနေ့ နံနက် ၉ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆိုင်ရာနှင့် ပတ်သက်၍ လင်းခေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာရုံးမှ နည်းပြစိုင်းခမ်းစွမ်လှိုင်းက ကိုယ်ဝန် ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာ သော(၂)နှစ်အောက် ကလေးသူငယ်များ အတွက် ထောက်ပံ့ကြေးပေးခြင်း ဆောင်ရွက်သွားနိုင်မည့် အစီအစဉ်များ အကြောင်းကို Mobile phone system အသုံးပြုနည်းပညာများကို ပို့ချသင်ကြားပေးခြင်းဖြစ်ကြောင်း သင်တန်း နည်းပြက ပြောကြားသည်။
သင်တန်းသို့ လင်းခေးမြို့နယ်အတွင်းရှိ (ဟိုမိန်းမြို့) အပါအဝင် ရပ်/ ကျေးအုပ်စုစာရေး စုစုပေါင်း ၂၅ဦး တို့ တက်ရောက်ခဲ့ကြပြီး သင်တန်းချိန် တစ်ကြိမ်လျှင် တစ်အုပ်စုဖြင့် ၃ ကြိမ်ခွဲ ကာ ၂ရက်တာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စိုင်းဇော်လတ်(လင်းခေး)