မံစီမြို့နယ်၏ မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်ကြေညာမှုအပြီးတွင် လာရောက်ကြည့်ရှုသူ (၁၄၄၇၆)ဦး အထိရှိ

မံစီ အောက်တိုဘာ ၁၅

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာလ ၁၄ ရက်နေ့အထိ (၁၄)ရက်ကြာ ကပ်ထားကြေညာပေးခဲ့ရာ လာရောက်ကြည့်ရှုသည့် မဲဆန္ဒရှင်ပြည်သူပေါင်း (၁၄၄၇၆)ဦးအထိ ရှိကြောင်း သိရသည်။

ဒုတိယအကြိမ်အဖြစ် မဲစာရင်းများ ကြေညာမှုအပြီးတွင် မဲစာရင်းမပါသဖြင့် ပုံစံ()ဖြင့် လာရောက် လျှောက်ထားသူ(၆၂၃)ဦး၊ မဲစာရင်းတွင် မပါဝင်သင့်သူများပါဝင်နေ၍ ပုံစံ()ဖြင့် လာရောက် ကန့်ကွက်သူ (၁၉၁)ဦး၊ အချက်အလက်များ မှားယွင်းနေသဖြင့် ပုံစံ(-)ဖြင့် ပြင်ဆင်ရန် လာရောက်လျှောက်ထားသူ (၃၉၆)ဦးရှိကြောင်း သိရသည်။

မံစီမြို့နယ်အတွင်း ရပ်ကွက်()ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၈) အုပ်စုတို့တွင် မဲရုံ(၃၉)ရုံထားရှိ သွားမည်ဖြစ်ပြီး ဒုတိယအကြိမ် မဲစာရင်းကြေညာရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အခြေခံမဲဆန္ဒရှင်ဦးရေ (၄၀၇၉၆)ဦး ခန့်ရှိကြောင်း၊ တိုင်းရင်းသား မဲဆန္ဒရှင်စားရင်းများမှာ ဗမာတိုင်းရင်းသား မဲဆန္ဒရှင် (၁၀၈၆၈)ဦး၊ ရှမ်းတိုင်းရင်းသား မဲဆန္ဒရှင်(၁၄၃၉၇)ဦး၊ လီဆူ တိုင်းရင်းသား မဲဆန္ဒရှင်(၁၆၉၂)ဦး၊ ရဝမ်တိုင်းရင်းသား မဲဆန္ဒရှင်(၁၅)ဦးရှိကြောင်း မြို့နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

ရိန် (ပြန်/ဆက်)