မိုင်းစံ အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ မြို့အဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ယနေ့ နံနက် (၁၀) နာရီ အချိန် မှစ၍ ပြည်သူများ မိမိနေအိမ်မှ ပြင်ပသို့ထွက်ခွာလာရာတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းရှိ / မရှိ စစ်ဆေး ခြင်း ကို နယ်မြေရဲစခန်း လမ်းဆုံနှင့် နယ်မြေမီးသတ်စခန်းလမ်းဆုံများတွင် စစ်ဆေးဆောင်ရွက် ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့အဆင့် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဝင်များ၊ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းနှင့် ဌာန ဆိုင်ရာများ ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ မိုင်းစံရဲစခန်းမှူး နှင့်တပ်ဖွဲ့ ဝင် များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စသည်တို့ပူးပေါင်း၍ ပြည်သူများ မိမိနေအိမ်မှ ပြင်ပသို့ ထွက်ခွာလာရာတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းရှိ /မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ရာ တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသော ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) တစ်ခုလျှင် ၂၀၀ ကျပ်ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ကြောင်းနှင့် ရဟန်းသံဃာများ၊ ကျေးရွာနေပြည်သူများနှင့်ဆင်းရဲနွမ်းပါးသူများအား အခမဲ့ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခင်ချို (ပြန်/ဆက်)