ရိခေါ်ဒါရ် အောက်တိုဘာ ၁၅
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ စီစဉ်မှုဖြင့် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ Talk Show အစီအစဉ်ကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က မူးယစ်ဆေးဝါး၏ အဓိပ္ပာယ်၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်တားဆီးကာကွယ်ရေးနှင့် ရိခေါ်ဒါရ်မြို့ ဒေသအတွင်း မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုများကို လည်းကောင်း၊ ရိခေါ်ဒါရ် နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်သက်နိုင်က မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ၏ အမည်နှင့် အဓိပ္ပာယ်ဖွင့်ဆိုဖော်ပြချက်များ၊ မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေပြဌာန်းချက်၏ရည်ရွယ်ချက် ခုနှစ်ချက်များနှင့် မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ ပုဒ်မများကို လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲ Talk Show မှ ဆွေးနွေးချက်အပြည့်အစုံကို အများပြည်သူများ ကြည့်ရှုနိုင်ရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရိခေါ်ဒါရ်မြို့ရုံး Facebook Page ဖြစ်တဲ့ IPRD Rihkhawdar Facebook Page ၌ လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)