မိုးနဲ အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့ညနေပိုင်းအချိန် က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး မြို့ဝင်စစ်ဆေးရေးဂိတ်နှင့် Quarantine နေရာများ၌ ဆေးဖျန်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်မျိုးထွန်းနှင့် တပ်ဖွဲ့ဝင်များ က (Quarantine) နေရာအဖြစ်ထားရှိသော အထက(မိုးနဲ) ကျောင်း၊ မိုးကုပ်ရိပ်သာကျောင်းနှင့် မြို့ဝင်မြို့ထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ် နေရာများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)