ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ (၇)ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်  အောက်တိုဘာ  ၁၅

ချင်းရွှေဟော်မြို့ရှိ  မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ  ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများ အား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိ နိုင်ရေးအတွက်  စနစ်တကျစီစဉ် လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ အောက်တိုဘာလ(၁၃) ရက်နေ့က (၂)ဦးနှင့် ယမန်နေ့ညနေ(၆)နာရီ အချိန်က (၅)ဦး၊ စုစုပေါင်းနေရပ်ပြန်ပြည်သူ (၇)ဦးအား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထပ်မံ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည့်  နေရပ်ပြန်ပြည်သူ (၇)ဦးမှာ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၅)ဦးတို့ ဖြစ်ကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ (၃)ဦး၊ ကချင်ပြည်နယ်၊ ဗန်းမော် မြို့နယ်မှ (၁)ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်မှ (၁)ဦး၊ နောင်ချိုမြို့နယ်မှ (၁)ဦး နှင့် တန့်ယန်း မြို့နယ်မှ (၁)ဦး တို့ဖြစ်သည်။

ထိုသို့  ချင်းရွှေဟော်မြို့   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ  တိုင်းဒေသကြီး/ ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား   စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေး လျက်ရှိရာ  ဧပြီလ ၃၀ ရက်နေ့  မှ ယနေ့အထိ အမျိုးသား(၈၅၈၆)ဦး နှင့် အမျိုးသမီး (၆၉၄၆)ဦး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၅၅၃၂)ဦး တို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)